Showing posts with label Internet Errors များ. Show all posts
Showing posts with label Internet Errors များ. Show all posts

Saturday, March 10, 2012

10 march 2012 မှာလိုင်းကျခြင်းကိုအဖြေရှာကြည့်ခြင်း

ကျွန်တော်တို့ဆိုင်မှာ လိုင်းကိုသုံးမရအောင်ကိုကျတဲ့နေ့ပါပဲဗျာ နေ့ခင်းထဲကကျနေတာ ဒါနဲ CPE ကကြိုးကို router မှာမထိုးပဲ Computer ထိုးသုံးကြည့်တယ် အဆင်ပြေသွားတယ် လိုင်းကတော့ကျတယ် နဲ့နဲ့သုံးလို့ရတယ်routerမှာအရင်တိုင်းကြိုးတွေပြန် JOin တော့မရတော့ပြန် ဘူး တော်တော်အာရုံနောက်သွားတယ် လိုင်းကတော့ကျတာသေချာတယ် router error ပဲဆိုပြီး
reset ချကြည့်တယ် မရပြန်ဘူး စိတ်ပျက်ပျက်နဲ့ နောက်တစ်မျိုးပြန်စမ်းကြည့်တယ် ကြိုးတွေအားလုံး အရင်တိုင်း router မှာ
တပ်ဆင်ပြီး computer မှာ auto ip ထားလိုက်ရင်ရပြီး ကိုယ်က Computer မှာ စက် ip နဲ့ DNS server ip ကိုထဲ့
လိုက်ရင်မရတော့ဘူးဆိုတော့နဲ့နဲ နီးစပ်လာသလိုခံစားရတယ်ဗျ :D နောက်ဆုံးမှာကျွန်တော်ဘယ်လိုလုပ်လိုက်လဲဆိုတော့Computer
ကို auto ip မှာထားပြီး Run - cmd - ipconfig /all ဆိုပြီးရိုက်ထဲ့လိုက်တော့ DNS server ip က
10.10.10.10 နဲ့ 10.10.10.11 ဆိုပြီးပြနေတယ်ဗျ ဒါနဲ့ ကျွန်တော် အဲ ip ကို Preferred DNS Server မှာ 10.10.10.10 နဲ့ Alternate DNS Server မှာ 10.10.10.11 ဆိုပြီးပြောင်းလိုက်တော့ အောင်မြင်သွားပါတယ်
အရင်ကသုံးနေတာ 203.81.162.22 နဲ့ 203.81.162.23 ဆိုပြီးသုံးနေတာပါ အဲကောင်ပြောင်းလိုက်တာ အောင်မြင်သွားပါ
တယ် ကံဆိုးချင်တော့ဆိုင်ပိတ်မှအဲဖြေကိုသိလိုက်ရတဲ့အတွက် ၀င်ငွေထိုခိုက်သွားပါတယ် ။ အဆိုးထဲ့ကအကောင်းကတော့ အတွေ့
အကြုံကို မိတ်ဆွေတို့အားလုံးကိုဝေပေးလိုက်ရတာ့ ၀မ်းသာမိပါတယ်ဗျာ


Wednesday, January 25, 2012

Internet connection ကျခြင်းနှင့်ကျွန်တော့်၏အတွေ့အကြုံလေးတစ်ခု

ကျွန်တော်ဆိုင်မှာအင်တာနက်ကွန်နရှင်ကျနေတော့ ISP ရုံးကိုဖုန်းဆက်လိုက်တယ် အခြေအနေသိရအောင်ပေါ့။ ရုံးကပြောတယ် လိုင်းကောင်းတယ်တဲ့ line ကိုခဏ reset ချကြည့်လိုက်ပါလို့အကြံပေးပါတယ်။ လုပ်ကြည့်လိုက်တယ်ဗျ အဆင်ပြေမလာဘူး
ဒါနဲ့ CPE cable ကို pc မှာတိုက်ရိုက်ထိုးပြီး ip renew တောင်းကြည့်တော့ ကွန်နရှင်ကကောင်းနေတယ်ဗျ အဆင်ပြေသွား
ပြီ ok ပြီဆိုပြီး router မှာပြန် join လိုက်တယ်တစ်ဆိုင်လုံးလိုင်းကျသွားတယ်။ သတိထားမိလိုက်တယ် router singnal
မီးလုံးကလင်းလိုက်ပိတ်လိုက်ကအရမ်းမြန်နေတယ် သာမန်တော့မဟုတ်ဘူးဆိုပြီး စက်တစ်လုံးချင်းရဲ့ network cable တွေ test လုပ်ကြည့်လိုက်တော့ စက်တစ်လုံးရဲ့ cable ခေါင်းကမကောင်းတော့ဘူးဗျ အဲဒါနဲ့ အဲဒီစက်ကို connection ဖြုတ်
လိုက်တော့တစ်ဆိုင်လုံးလိုင်းအရမ်းကောင်းသွားတယ်။ ဆိုင်ဖွင့်တာတစ်နှစ်ကျော်လောက်ဆိုတော့ system ပုံးလှုပ်တာနဲ့ကြာတော့
ခေါင်းပါသိပ်မကောင်းတော့တာထင်တယ်ဗျ၊ မထင်မှတ်တာလေးကတစ်ဆိုင်လုံးရဲ့ connection ကိုအနှောက်အယှက်ပေးနိုင်တာ
လေးကိုအသိပေးလိုက်ပါတယ်ဗျာ.........

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons