ဒါလေးကတော့ Window တစ်ခုလုံးကို Backup လုပ်ပေးမဲ့ software လေးပါ။ Window
မတင်တတ်သေးတဲ့မိတ်ဆွေများအတွက်ရော၊နောက်ထပ် window အသစ်နဲ့ software
တွေမတင်ချင်တဲ့မိတ်ဆွေများအတွက်ရောအဆင်ပြေမှာပါ။ဒီ software လေးနဲ့backup
လုပ်ထားမယ်ဆိုရင် window ကျသွားရင်ဖြစ်စေ၊မကြိုက်လို့အရင်အတိုင်းပြန်လိုချင်ရင်
ဖြစ်စေ ဒါလေးကို Run လိုက်တာနဲ့ကိုယ် backup လုပ်ထားတဲ့အတိုင်းပြန်ဖြစ်သွားမှာပါ
Window ကျသွားခဲ့ရင်တော့ Hiren's Boot CD လို Window အတုတစ်ခုခုနဲ့ပြန် Run ပေး
လိုက်လို့ရပါတယ်။အသုံးပြုနည်းကတော့
1 - Backup ကိုရွေးပါ
2 - save ထားချင်တဲ့နေရာကိုရွေးပေးပါ(window အပိုင်းဖြစ်တဲ့ C မှာအပါးတစ်ခြားအပိုင်း
မှာ save ပါ)
3 - window တင်ထားတဲ့အပိုင်းကိုရွေးပါ အများအားဖြင့် C မှာတင်တာများပါတယ်
4 - Yes ကိုနိုပ်ပါ
ဒါဆိုရင် System ဟာ Restart ကျသွားပါလိမ့်မယ်ပြီးအောက်ပါ Loading ကိုစောင့်ပေးပါ
ပြီးသွားရင် ကိုယ် Save ထားတဲ့နေရာမှာ Window တစ်ခုလုံးရဲ့ Backup ဖိုင်လေးရောက်
သွားပါပြီ အဲဒီဖိုင်ကို ပြန်ပြီး Restore လုပ်ချင်ရင် D-Click နိုပ်ပြီး Restore ကိုရွေးပြီး OK
နိုပ်ပါ အထက်ပါ Loading ကိုအတိုင်းပြန်စောင့်ပေးပါက အရင် Window နဲ့တင်ထားတဲ့
Software တွေအတိုင်းပြန်လည်ရရှိလာပါလိမ့်မယ်။နောက်ပိုင်းမှာလဲ Latest Vesion တွေ
ထပ်တင်ပေးပါအုံးမယ်။
Size ~ 2.8 MB
1 comments:
ကျေးဇူးတင်ပါတယ် ကိုကြီး နောက်လည် အများကြီး မျှဝေနိုင်ပါစေ
Post a Comment