Sunday, August 5, 2012

Hiren's BootCD From USB Flash Drive


Hiren's BootCD ကို USB pen drive ထဲ့ပြီး Boot လုပ်ချင်တဲ့မိတ်ဆွေများအတွက်ပါ။ Window ကျသွားလို့
Window ပြန်မတင်ခင်မှာ C, Document တို့ထဲ့ကအရေးကြီး Data ကိုအရင် Recover လုပ်မဲ့သူတွေအတွက်ပို
အဆင်ပြေမှာပါ။USB Pen Drive 1Gb နှင့်အထက်ဆိုအဆင်ပြေပါတယ်။ USB Format.zip ,grub4dos.zip
နဲ့ Hiren's boot CD လိုပါမယ် အောက်မှာဒေါင်းလိုက်ပါ Hiren'sboot CDကခွေဆိုင်တွေမှာဝယ်လဲရပါတယ်
format မချခင်ကိုယ့် pen drive ထဲ့က Data တွေကိုအရင်ဆုံး တစ်နေရာမှာ Copy လုပ်ထားဖို့လိုပါတယ်

USB pen drive ကို computer မှာတပ်ဆင်ပြီး USB format ကို run လိုက်ပါ
Device မှာကိုယ့်ရဲ့ USB pen Drive ရွေးပေးပါ။ File system မှာ FAT 32 ပေါ့၊ Volume lable မှာ
နာမည်ပြောင်းပေးပါ မြန်ချင်ရင် Quick format ရွေးပါ ပြီးရင် start နိုပ်ပြီး Format ချလိုက်ပါ Box တစ်ခု
ပေါ်လာရင် Ok နိုပ်ပေးပါ


ပြီးရင် grub4dos.zip ကို run ပါ၊ ပုံမှာပြထားတဲ့အတိုင်းအဆင့်ဆင့်ရွေးပြီး Install လုပ်ပါ

Command prompt Box မှာ press to continus စာပေါ်လာရင် Enter နိုပ်လိုက်ပြီး
grub4dos Box မှာ Quit နိုပ်ပြီးထွက်လိုက်ပါ

ပြီးရင် Hiren's boot cd ခွေကို ROM ထဲ့ပြီး ခွေထဲ့မှ File တွေအကုန်လုံး USB Drive ထဲ့ကူးထဲ့ပေးပါ။
အဲဒီ file တွေထဲ့မှာ HBCD folder ထဲ့က grldr နဲ့ menu.lst ဆိုတဲ့ဖိုင် 2ဖိုင်ကို USB Drive အပြင်
ကိုထပ်ပြီး copy ကူးထဲ့ပေးလိုက်ပါ အဆင်ပြေသွားပီပေါ့ဗျာ

ပြီးရင် Computer စတက်တာနဲ့ keyboard မှ Del,F1,F2 နိုပ်ပြီး Bios ထဲ့ကိုဝင်ပါ 1st boot device
မှာ USB နဲ့ boot တက်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်

USBFormat.zip (34KB)
download here!

grub4dos.zip (179KB)
download here!

Hirens.BootCD.15.1.zip (498.36 MB)
download here!

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons