Wednesday, June 20, 2012

Network မှ Data များ Sharing



Sharing နဲ့ပါတ်သက်တဲ့အကြောင်းလေးတင်ပေးလိုက်ပါတယ်အခုတင်ပေးလိုက်တဲ့ network ချိတ်ဆက်နည်းတွေ
shareနည်းတွေကတော့ networking ကိုတစ်ကယ်မတတ်သေးတဲ့သူများအတွက်ပါ အခြေခံသဘောအလွယ်ခြုံပီး
အဆင်ပြေအောင်တင်ပေးလိုက်တဲ့သဘောပါ Networking ကိုတစ်ကယ်စိတ်ပါဝင်စားပီးသင်ယူချင်တယ်ဆိုရင်တော့
အဆင့်မြင့်နည်းပညာများကိုသင်တန်းတွေမှာပဲသင်ယူရမှာပါ။ သင်ခန်းစာလေးစရအောင်ဗျာ

1 Local network ထဲ့မှာပဲ သူများကို Data တွေ share ချင်ရင်ကိုယ် share ချင်တဲ့ Data တွေကို folder
တစ်ခုထဲ ထဲ့ပီး R-click နိုပ်ပီး sharing and security ကိုနိုပ်ပါ



2 If you understand the security risks but want to share..........ဆိုတဲ့စာကြောင်းကို
နိုပ်ပါ just enable file sharing ကိုရွေးပါ ပီးရင် OK နိုပ်ပါ



3 Share this folder on the network ကို အမှန်ခြစ်ပေးပါ shae name ကိုပေးချင်ရာပေးပါမပေးလဲရပါ
တယ် အောက်က Allow network user to change my files ကိုအမှန်ခြစ်ပေးမယ်ဆိုရင်တော့ ကိုယ်
ပေးထားတဲ့ share file တွေကို local network အတွင်းမှာအသုံးပြုနေတဲ့ User များ ၀င်ပြင်လို့ရပါတယ်
(ဥပမာ) save , delete တွေကို တစ်ခြားစက်ကနေ၀င်လုပ်လို့ရတယ်ဆိုတဲ့သဘောပါ အဲဒါကတော့ share
လုပ်တဲ့သူရဲ့သဘောပါ၊ အားလုံးပီးရင် OK နဲ့ထွက်ပါ။ အဲဒါဆိုအဆင်ပြေပါပီ



Sharing မှာ Data တွေအပြင် device တွေကိုပါ Share လို့ရပါတယ် ခုနည်းအတိုင်းပါပဲ(ဥပမာ)Hardisk ပေါ့
Sharing မှာ ကိုယ် share လိုက်တဲ့ Data ကို local network အတွင်းမှာ User များမမြင်အောင်လျှိုဝှက်
share လို့ပါတယ် အရင်ကျွန်တော်တင်ထားတာရှိပါတယ်ဒီမှာကြည့်လိုက်ပါ

Data များလှမ်းယူအသုံးပြုချင်ရင်တော့ My network places ထဲမှဖြစ်စေ၊ share ထားသောကွန်ပျူတာရဲ့ ip
address ရိုက်ပီးဖြစ်စေလှမ်းယူအသုံးပြုနိုင်ပါတယ်။(ဥပမာ)Run box မှ \\192.168..... ip addressမှန်
အောင်ထဲ့ပါ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons