Create Restore Point in Window Xp
Start > All Programs > Accessories > System tools > System Restore အထိသွားပါ ၊
Welcome to system restore ဆိုတဲ့ screen (window) ကို ရောက်သွားမယ် ၊ create a restore point ကို select လုပ်ပြီး next ကို နှိပ်ပါ ၊
Restore point description ဆိုပြီး ဖြည့်ရမယ့်နေရာေ လးပေါ်လာမယ် ၊ အဲဒီမှာ ကိုယ်မှတ်မိ စေမယ့် ဖေါ်ပြချက်တစ်ခုခုရးလိုက်ပါ ၊ ဥပမာ ၊ ကျနော်ကတော့ Good day for my computer လို့ရေးလိုက်မယ် ဗျာ ၊ ပြီးရင် create ကိုနှိပ်လိုက်ပါ ၊
Restore point လုပ်နေတဲ့ အချိန် နည်းနည်းစောင့်လိုက်ပါ ၊ Restore point created ဆိုပြီး ကိုယ်မှတ်ခဲ့တဲ့ အချိန်နဲ့အကြောင်းအရာကို ဖေါ်ပြတဲ့ window တစ်ခုပေါ်လာမယ် ၊ close ကိုနှိပ်လိုက်ပါ ။
Create Restore Point in Window 7 and Vista
Start > All Programs > Accessories > System tools > System Restore အထိသွားပါ ၊
System properties window ရဲ့ system protection tab ကိုရောက်သွားမယ် ၊ အောက်ဆုံးနားမှာ ရှိတဲ့ Create ရဲ့ အပေါ်ကိုနှိပ်ပါ
Create a restore point ဆိုပြီး စာရိုက်ရမယ့်နေရာလေးပေါ်လာမယ် ၊ ဖြည့်လိုက်ပြီး create ကိုနှိပ်ပါ
နည်းနည်းစောင့်ေ ပးလိုက်ပါ ၊ ပြီးတာနဲ့ Restore point created ဆိုပြီးပေါ်လာရင် close ကို နှိပ်လိုက်ပါ ။
ဒါကတော့ မှတ်ထားတဲ့အပိုင်လေးတစ်ခု ပြီးသွားပါပြီ။ နောက်မှာ ကိုယ်ကအဲဒီအခြေအနေလေးအ တိုင်း ပြန်ရောက်ချင်ရင် System restore ပြန်လုပ်ဖို့ကတော့ ဒီလိုလုပ်ပါ
System Restore in Windows XP
Start > All Programs > Accessories > System tools > System Restore အထိသွားပါ ၊
Restore my computer to an earlier time ကို select လုပ်ပြီး next ကိုနှိပ်ပါ ၊
Select a restore point ကိုရောက်သွားမယ် ပြက္ခဒိန်လေးပေါ်မှာ Restore point ရှိတဲ့နေ့တွေဟာ bold ဖြစ်နေတာကို တွေ့ရပါမယ် ၊ နေ့တစ်ခုစီကိုနှိပ်လိုက်ရင် အဲဒီနေ့မှာရှိတဲ့  Restore point တွေထွက်လာပါလိမ့် မယ် ကြိုက်ရာ restore point ကိုရွေးပြီး Next ကိုနှိပ်ပါ ၊
Confirm လုပ်ရမယ့် screen ကိုရောက်သွားမယ် Next ကိုနှိပ်ပါ ၊ System ကို restart လုပ်ပြီး restore လုပ်သွားပါပြီ ၊
ပြန်ဝင်လာတဲ့အခါ မှာ Restoration complete ဆိုပြီးပေါ်လာမယ် ၊ ok ကိုနှိပ်ပါ ၊ Windows ဟာ ကိုယ်ပြန်ထားလို က်တဲ့ရက်ကအတိုင်း ဖြစ်သွားပါပြီ ။
System Restore in Windows 7
Start > All Programs > Accessories > System tools > System Restore အထိသွားပါ ၊
System properties window ရဲ့ system protection tab ကိုရောက်သွားမယ် ၊ အပေါ်နားမှာရှိတဲ့  System restore ကိုနှိပ်ပါ
Restore system file and setting ဆိုပြီးပေါ်လာမယ် next နှိပ်ပါ
Restore point တွေကို ရွေးရမယ့်နေရာကိုရောက်လာမယ် ၊ Show my restore point ကိုselect လုပ်လိုက်ရင် ရှိနေသမျှ restore point တွေကျလာပါလိမ့်မ ယ် ၊ scan for affected program ကိုနှိပ်လိုက်ရင် ဘယ် program တွေအပေါ် အကျိုးသက်ရောက်မှုရှိမယ်ဆိုတာကိုလည်းတွေ့ရပါမယ် ၊ ကြိုက်ရာ point တစ်ခုကိုရွေးပြီးရင် next ကိုနှိပ်ပါ ၊ ဥပမာ ကျနော့်ရဲ့စက်မှာ system က auto လုပ်ပေးထားတဲ့ point တစ်ခုရယ် ကျနော်လုပ်ထားတဲ့  point တစ်ခုရယ် ရှိရာမှာ manual ကိုရွေးလိုက်ပါတ ယ် ၊ ရွေးတဲ့အပေါ်ကို click လုပ်ပြီး next နှိပ်ပါ ၊
Confirm လုပ်တဲ့ screen ကိုရောက်သွားတယ် ၊ finish ကို နှိပ်ပါ ၊
သတိပေးချက်လေးပေါ်လာမယ် yes နှိပ်ပါ ၊ လုပ်နေပါပြီ ၊ restart လုပ်ပြီး System restore လုပ်သွားပါလိမ့် မယ်
၊ပြန်ဝင်လာတဲ့အခါ Windows တက်ဖို့ ခါတိုင်းထက် ဒီတစ်ကြိမ်မှာ ပိုကြာပါလိမ့်မယ် စိတ်ရှည်ပေးလိုက်ပါ ၊ Windows service တွေ ပြန်တင်နေတဲ့အတွ က်ပါ ၊ ပြီးတာနဲ့ System restore completed successfully ဆိုပြီးပေါ်လာမယ် close နှိပ်လိုက်ပါ ၊ ပြီးသွားပါပြီ
Revolution of Adobe Systems Incorporated
10 months ago
0 comments:
Post a Comment