Wednesday, February 15, 2012

How to see local IP address and network map in network computers, setting up network using Network Magic

...မိမိ Computer ၏ Local IP address (ကျွန်တော်၏ Blog ရှိ GeoUser IP မဟုတ်ပါ) သိနိုင်ရန်အတွက် cmd မှ ipconfig ရိုက်ထည့်လျှင် IP address ကိုမြင်နိုင်ပါသည်။ ထို IP address သည် Dynamic IP address ဖြစ်ပြီ: များသောအားဖြင့် IP address ကို Automatic ရရန် Setup လုပ်ထားလေ့ရှိပါသည်။ ထို့ကြောင့် ၎င်း IP address သည် ပြောင်းလဲမှုရှိသည်။ ထို IP address ကို Network Properties ထဲဝင်၍ Fix လုပ်ထား၍လဲ ရသည်။ ထိုကဲ့သို့ လုပ်ထားလျှင် အိမ်တွင်း၊ ရုံးတွင်းသုံး နေရာပြောင်းလဲမှု မရှိသော Destop Computers များအတွက် သိပ်ပြဿနာမရှိပေမဲ့ သွားလေရာယူသွားနိုင်ပြီး Free wireless internet သုံးနိုင်သော Laptops များအတွက် အခက်အခဲရှိပါသည်။ IP address ကို Setup လုပ်တတ်သူများ အတွက် Network properties ထဲဝင်ပြီးပြောင်းလဲပေး၍ရပါသည်။ Setup မလုပ်တတ်သူများအတွက် အဆင်မပြေပါ။ ထို့ကြောင့် များသောအားဖြင့် ၎င်း IP address ကို Automatic ချိန်ထားတတ်ပါသည်။ အောက်ပါပုံသည် မိမိ Computer ၏ IP address ကို cmd prompt မှ ကြည့်သောပုံဖြစ်ပါသည်။...


...သို့သော် တစ်ခြားမိမိ Computer နှင့် ချိတ်ဆက်ထားသော Network Computers များ၏ IP address များကို မိမိ၏ Computer မှ မည်ကဲ့သို့ ကြည့်မြင်နိုင်သနည်း။ ထိုအတွက် Network Software များသုံးကြပါသည်။ ထိုအထဲမှ ကျွန်တော် သုံးနေသော Network Magic Software ကိုဖော်ပြ ပေးထားပါသည်။ Network Magic သည် IP address ကြည့်ရုံသာမကပဲ Computer တစ်လုံးစီ၌ တစ်မျိုးစီသာရှိသော MAC address ကြည့်နိုင်ခြင်း ၊ Network Map, Network History စသည်တို့ကိုပါ ကြည့်၍ရပြီး Network Setup, Wireless WEP,WPA Setup စသည်များကိုပါ လုပ်နိုင်ပါသည်။...

...Download Link...

...၎င်းသည် Trial Version ဖြစ်သော်လည်း Some feature မှလွဲပြီး ဆက်အသုံးပြု ၍ရပါသည်။ Install လုပ်ချိန်တွင် Internet,Router များကို ဖွင့်ထားရပါမည်။



...Software အသုံးပြုပုံမှာ ကြည့်ရုံပဲဖြစ်၍ မခက်ခဲပါ။ အပေါ်မှပုံ အတိုင်းဖြစ်ပါသည်။ ထိပ်ဖက်၌ Network Tasks, Network Map, Shared Folder, Status Center, Network Advisor ရှိပြီး Network Map ကိုသွားလျှင် အထက်ပါပုံအတိုင်းမြင်ရပါမည်။ မိမိ Computer နှင့် ဆက်သွယ်ထားသော Router, Computers, Shared Printer စသည်များကို Online, Offline စသည်ဖြင့်တွေ့ရပါမည်။ ထို့အပြင် မိမိ Network အတွင်းသို့ ပြင်ပမှ Wireless Computer တစ်လုံး Connect လာလုပ်လျင်လည်း Intruder အဖြစ်မြင်ရမည်ဖြစ်သည်။ Network Map ပေါ်ရှိ မိမိသိချင်သော Online ဖြစ်နေသည့် Computer ပေါ်ကို Click လုပ်ပြီး ညာဘက် Panel တွင် Tasks, Details, Alerts သုံးခုထဲမှ Details ကို Click လုပ်လျင် မိမိသိချင်သော IP address,MAC address များကို အောက်ပါပုံအတိုင်း တွေ့မြင်ရပါမည်။


...Router ၏ IP address ကိုလည်း ၎င်းအတိုင်း ကြည့်လျင် အောက်ပါအတိုင်း တွေ့ရမည်။


...တခြား Computer များတွင် Network Magic ကို Install မလုပ်လိုပါက Hide Alerts လုပ်ထားနိုင်ပါသည်။
...ထို့အပြင် Network Magic Window ၏ Status Center ၌ Wireless Security WEP,WAP Setup ပိုင်းကိုလဲ အောက်ပါအတိုင်း တွေ့ရပြီး Setup လုပ်နိုင်ပါသည်။


...ဒါတွေကတော့ Network Magic နှင့် IP address, MAC address,Network Map ကြည့်နည်းတွေဖြစ်ပါတယ်။ နောက်ထပ် မိမိ Computer မှတစ်ခြား Network Computers များအား ကြည့်မြင်ရမည့်နည်းကို ဆက်လက်ဖော်ပြပေး သွားပါမည်။...

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons