Wednesday, January 25, 2012

Internet connection ကျခြင်းနှင့်ကျွန်တော့်၏အတွေ့အကြုံလေးတစ်ခု

ကျွန်တော်ဆိုင်မှာအင်တာနက်ကွန်နရှင်ကျနေတော့ ISP ရုံးကိုဖုန်းဆက်လိုက်တယ် အခြေအနေသိရအောင်ပေါ့။ ရုံးကပြောတယ် လိုင်းကောင်းတယ်တဲ့ line ကိုခဏ reset ချကြည့်လိုက်ပါလို့အကြံပေးပါတယ်။ လုပ်ကြည့်လိုက်တယ်ဗျ အဆင်ပြေမလာဘူး
ဒါနဲ့ CPE cable ကို pc မှာတိုက်ရိုက်ထိုးပြီး ip renew တောင်းကြည့်တော့ ကွန်နရှင်ကကောင်းနေတယ်ဗျ အဆင်ပြေသွား
ပြီ ok ပြီဆိုပြီး router မှာပြန် join လိုက်တယ်တစ်ဆိုင်လုံးလိုင်းကျသွားတယ်။ သတိထားမိလိုက်တယ် router singnal
မီးလုံးကလင်းလိုက်ပိတ်လိုက်ကအရမ်းမြန်နေတယ် သာမန်တော့မဟုတ်ဘူးဆိုပြီး စက်တစ်လုံးချင်းရဲ့ network cable တွေ test လုပ်ကြည့်လိုက်တော့ စက်တစ်လုံးရဲ့ cable ခေါင်းကမကောင်းတော့ဘူးဗျ အဲဒါနဲ့ အဲဒီစက်ကို connection ဖြုတ်
လိုက်တော့တစ်ဆိုင်လုံးလိုင်းအရမ်းကောင်းသွားတယ်။ ဆိုင်ဖွင့်တာတစ်နှစ်ကျော်လောက်ဆိုတော့ system ပုံးလှုပ်တာနဲ့ကြာတော့
ခေါင်းပါသိပ်မကောင်းတော့တာထင်တယ်ဗျ၊ မထင်မှတ်တာလေးကတစ်ဆိုင်လုံးရဲ့ connection ကိုအနှောက်အယှက်ပေးနိုင်တာ
လေးကိုအသိပေးလိုက်ပါတယ်ဗျာ.........

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons